Skip to main content

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဒါရိုက်တာ မောင်ခင်ဇော် (ကေသီပန်)နှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော်(ကေသီပန်)ဆိုပြီးတော့ နာမည်ရှိတဲ့သူ ပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာ ဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
(၁၈-၂-၂၀၂၀ ရက်နေ့မှအဆက်)
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ ဓာတ်ပုံတွေ့ဖူး
တယ်။
ဦးခင်ဇော် ။ ။ အဲဒီတော့ဟိုဘက်မှာ အောင်ဇေ
ယျ ရုပ်ရှင်က ခေတ်ကောင်းနေ တော့ ဦးခင်မောင် အပ်ပါးဘားမား။
ကြည်စိုးထွန်း ။ ။ ဪ အပ်ပါးဘားမား ဦးခင်
မောင် အထက်မြန်မာပြည်ပေါ့။ ဒေါ်တုတ်လား- ဦးခင်မောင် - ဒေါ်တုတ်။
ဦးခင်ဇော် ။ ။ သူတို့က ဟိုဘက်မှာ တာဝန်
ယူပြီးတော့ လုပ်တယ်။ ကျွန်တော်တို့လုပ်တာလည်း တော်တော်ခမ်းခမ်းနားနား လေး ဖြစ်သွားတယ်။
ကြည်စိုးထွန်း ။ ။ ဆရာတို့လည်း ပြခန်းတွေ
လုပ်တယ်ထင်တယ်။
ဦးခင်ဇော် ။ ။ ကျွန်တော်တို့လည်း ပြခန်းလေး
တွေပါ။ ပြခန်းအသေးလေးတွေ၊ ရုပ်ရှင်အစည်းအရုံးက လုပ်တာတော့ ပြခန်းကြီး တစ်ခုပေါ့လေ။ ကျွန်တော်တို့ဖွင့်တာက ဘယ်လိုလုပ် ဖွင့်လဲဆိုတော့ ဟိုအင်းလျားလိတ်ဟိုတယ်မှာ ကျွန်တော် တို့ကလုပ်တယ်။ အဲဒီတုန်းက ဒုဗိုလ်မှူးကြီးတင်ထွန်းက
ပြန်ကြားရေး၊ သူရှိတော့ ကျွန်တော်တို့လုပ်တယ်။ လုပ်တဲ့အခါကျတော့ အဲဒီမှာ ငွေမောင်းကြီးရှိတယ် အကြီးကြီး။ အဲဒီဟာကို သုံးချက်ထုတယ် ဒူ ဒူ ဒူ။ ကျွန်တော်ကအခမ်းအနားမှူး လုပ်တယ်။ အဲဒီဟာကို သုံးချက်ထုပြီး ဖွင့်တယ်။ ဖွင့်လည်းဖွင့်ရော စည်တော် ယွန်းလိုက်တဲ့အခါကျတော့ ဦးညီပုနဲ့ မင်းသမီးတွေ အကုန်လုံးက ရောက်လာကြပြီး ပန်းကြဲကြတယ်။ ပန်းထဲမှာ ပိုက်ဆံတွေပါ ထည့်ကြဲတာပေါ့။
ကြည်စိုးထွန်း ။ ။ ဦးညီပုက အဲဒီတုန်းက စကား
တောင် ပြောနိုင်သေးတယ်ထင် တယ် ဆရာ။ ဒီမင်းသား မင်းသမီးတွေကို ဆုံးမစကားတွေ ပြောတာကျွန်တော်တွေ့ဖူးတယ်ဆရာ။
ဦးခင်ဇော် ။ ။ ဆရာက ဆုံးမစကားပြောတယ်။
ဆရာဦးချင်းစိန်က ပိုဒ်စုံရတုဆို တော့ တော်တော်စည်စည်ကားကား ဖြစ်သွားတယ်။
ကြည်စိုးထွန်း ။ ။ တော်တော် ဟန်ကျသွားတာပေါ့
ဆရာ။ ဒီဘက်ကလည်း ရုပ်ရှင် ပြပွဲတွေရော မန္တလေးမှာလည်း ဖွင့်ပွဲ တွေလုပ်တယ်ဆိုတော့ တော်တော် လေးကို ရွှေရတုကလည်း စည်စည် ကားကားဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ကလည်း အဲဒီအချိန်တုန်းက ရုပ်ရှင် ထဲ မရောက်သေးဘူးဆရာ။ သိသာ သိတာ၊ မင်းသား မင်းသမီးတွေ သိတယ်။ အဲဒီမှာသွားကြည့် ဘာညာ ပေါ့လေ။ ကျွန်တော်တို့ အပြင် လောကမှာရှိတဲ့ လူတွေတောင်မှ ဒီဟာက ကျွန်တော်တို့ဆီကို ရောက်လာတာပေါ့နော်။ ဒီဟာကလာပြီး ဆွဲဆောင်နိုင်တာဆိုတော့ ဒါတော်တော် အောင်မြင်တဲ့အပိုင်းလို့ ပြောရမှာပဲ ဆရာ။ ရွှေရတုက လည်း အောင်မြင်ခဲ့တာပေါ့နော် ဆရာ။
ဦးခင်ဇော် ။ ။ ရွှေရတုမှာကတော့ တော်တော်
လေးကို စည်စည်ကားကား လုပ်နိုင်တာက ခုနတုန်းက ပြောထားခဲ့သလိုပဲပေါ့။ အဲဒီမှာ သမ္မတရုံမှာ ကျွန်တော်တို့က ရုပ်ရှင်ပြတယ်။ ရုပ်ရှင်တစ်နေ့ တစ်ကားပြတယ်။ အဲဒီဟာက ဘာတွေလဲဆိုရင် ဣတ္ထိယ၊ ချစ်အမျှ။
ကြည်စိုးထွန်း ။ ။ အသံထွက်နော်ဆရာ။
ဦးခင်ဇော် ။ ။ ဗိုလ်အောင်ဒင်၊ ချစ်ရေစင်။
ကြည်စိုးထွန်း ။ ။ အကောင်းတွေချည်းပဲ။
ဦးခင်ဇော် ။ ။ အပျို့လင်၊ မြဂနိုင်၊ သူဇာ
ဇာတ်ကားများကို တစ်နေ့ တစ်ကားပြတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။ မြဂနိုင်က
အသံတိတ်။
ဦးခင်ဇော် ။ ။ မြဂနိုင်က အဲဒီမှာ သံစုံသွင်း။
ကြည်စိုးထွန်း ။ ။ နောက်မှလုပ်တာပေါ့ သံစုံသွင်းက။
ဦးခင်ဇော် ။ ။ သံစုံသွင်းက သူတို့ဆီမှာရှိတယ်
ထင်ပါရဲ့။
ကြည်စိုးထွန်း ။ ။ သူ့မူရင်းက အသံတိတ်ပဲ။ နောက်မှ
သံစုံသွင်းလုပ်လိုက်တာ ဖြစ်ပါ မယ်။
ဦးခင်ဇော် ။ ။ နောက်သီဟရုံမှာကျတော့ ချစ်
သက်ဝေ၊ ဖိုးပြုံးချို။ ဒီဘက်ခေတ်က ဟာ ရတနာပုံ။
ကြည်စိုးထွန်း ။ ။ ဆရာ သီဟရုံက။
ဦးခင်ဇော် ။ ။ သီဟရုံက အရင်တုန်းက အိန္ဒိယ
ဇာတ်ကားတွေချည်းပဲ ပြတာ။
ကြည်စိုးထွန်း ။ ။ ဂျိုတီရုံလားဆရာ။
ဦးခင်ဇော် ။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း ။ ။ ၃၈ လမ်းထိပ်ပေါ့ဆရာ။ အနော်
ရထာလမ်းပေါ်က။
ဦးခင်ဇော် ။ ။ အဲဒီရုံမှာက ခုနက ချစ်သက်ဝေ၊
ဖိုးပြုံးချို၊ ရတနာပုံ၊ ဘဝသံသရာ၊ ဒေါက်တာ အောင်ကျော်ဦး၊ ဆောင်း၊ စကားပြောသော အသည်းနှလုံး အဲဒီကားတွေချည်းပဲ ပြတယ်။ အဲဒီတော့ အဲဒီကလည်း ရန်ပုံငွေတွေ ရတာပေါ့။
ကြည်စိုးထွန်း ။ ။ ဂျိုတီရုံမှာက အိန္ဒိယဇာတ်ကား
တွေချည်းပဲ မဟုတ်ဘူးဆရာ။ ဆရာ့ကားပဲ မဟုတ်လား။ မြန်မာကားစတင်လိုက်တာ နွဲ့ဆိုးလေ ဆရာ။ ရုံကြီးကလည်း အကြီးကြီးနော်။ အဲဒီရုံရယ်၊ သွင်ရုံရယ်ထင်တယ်။ ဘယ်ရုံလဲဆရာ အကြီး ဆုံးက။
ဦးခင်ဇော် ။ ။ အကြီးဆုံးက ဆုထူးပန်။
ကြည်စိုးထွန်း ။ ။ ဆုထူးပန်နဲ့ ခုနကသီဟရုံက
အကြီးဆုံးပဲဆရာ။ အခုကတော့ ဆုထူးပန်ကတော့ ကျန်သေးတာပေါ့။ ဟိုရုံကတော့ မရှိတော့ဘူးနော် ဆရာ။
ဦးခင်ဇော် ။ ။ ကျွန်တော်တို့ တစ်ခါတစ်ရံ ပြတဲ့
ရုံတွေကလည်း ဖျက်တဲ့ထဲ ပါသွားပြီ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးခင်ဇော် ။ ။ ဟိုးဘက်ကဆို ဂလုပ်ရုံ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ ဂုဏ်ခေါ်တာပေါ့
ဆရာ။ ဂုဏ်တို့၊ ပလေဒီယံ
ပပဝင်း။ ဟိုတစ်လောကပဲ ကျွန်တော်နဲ့ ဆရာဦးပြည့်စုံနဲ့ ပြောဖြစ်သေးတယ်။ ဒီဘက်ကျွန်တော်တို့ သုံးဆယ့် လေးလမ်းထိပ်လား၊ သုံးဆယ့်နှစ်လမ်းထိပ်လား မသိဘူး။ ဆရာ ရွိုင်ရယ်နဲ့ ကာတန်နဲ့လေ ဆရာ၊ ဝဇီရာနဲ့တော်ဝင် လားမသိဘူး မှတ်မိသေးလားဆရာ။
ဦးခင်ဇော် ။ ။ တော်ဝင်က ရွိုင်ရယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ်။ ရွိုင်ရယ်နဲ့ ကာတန်
နဲ့နော်ဆရာ။ မရှိတော့ဘူးပေါ့။ အဲဒီနောက်ပိုင်းမှာကျတော့ ရွှေရတုပြီးတဲ့နောက်ပိုင်းမှာ ကျတော့ ဆရာတို့ ဒီဘက်မှာ ဆရာဦးချင်းစိန်ကဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့နောက်မှာ ဦးချင်းစိန်ရဲ့ နောက်မှာ ဆရာတို့ ကိုညွန့်ဝင်းတို့ ဦးစိန်တင်တို့ ဟုတ်လား။ ဆရာတို့ ရုပ်ရှင် အစည်းအရုံးကို တာဝန်ယူခဲ့ကြတာ ဥက္ကဋ္ဌအနေနဲ့။ နောက်တစ်ခါ ၁၉၉၅ ခုနှစ် အဲဒီကျတော့ စိန်ရတု ရောက်လာပြီနော် ဆရာ။ ၁၉၇၀ မှာ ရွှေရတု၊ ၁၉၉၅ ကျတော့ စိန်ရတုဖြစ်လာတယ်။ စိန်ရတုမှာလည်း ဆရာ တို့ တာဝန်တော်တော်ယူခဲ့ရသေးတယ် ထင်ပါတယ်ဗျ။ ပြပွဲတွေ ဘာတွေ အဲဒီအကြောင်းတွေလည်း ပြောပါဦး ဆရာ။ ကျွန်တော်ကလည်း အဲဒီအကြောင်းကျ နည်းနည်း တော့ ပြောနိုင်မှာပေါ့ ဆရာ။ ဘာဖြစ်လို့လဲဆိုတော့ စိန်ရတုကျတော့ ကျွန်တော်လည်း ရုပ်ရှင်သမားဖြစ် လာပြီကိုး ဆရာ။ ကျွန်တော်တို့ လုပ်ခဲ့တာလေးလည်း ပြောကြရအောင်ပါ ဆရာ။
ဦးခင်ဇော် ။ ။ ခင်ဗျားက စပေးလိုက်လို့ရှိရင်
တော့ ကျွန်တော်က ပြောလို့ ရတယ်။ ကျွန်တော့်ဟာ ကျွန်တော် ပြောဆိုလို့ရှိရင် ကျွန်တော့်ခေါင်းက ဦးနှောက်ပျက်သွားပြီလားတောင် မသိပါဘူး။
ကြည်စိုးထွန်း ။ ။ မပျက်သေးပါဘူး ဆရာ။ ဆရာ
အခု ၈၀ မပြည့်သေးပါဘူး။ ၈၀ ထဲမှာလား။ ဆရာဦးမြင့်စိုးက ၈၆ ၊ ဦးပြည့်စုံက ၈၃ ၊ နောက်တစ်ခါ ဆရာဦးတင်ယုက ၈၉ ဆရာ။ ဆိုတော့ ဆရာက အငယ်ဆုံးပဲ။ ဆရာဘာမှမဖြစ်သေးပါဘူး ရပါ တယ် ဆရာ။ ပြောပါဦးဆရာ။
ဦးခင်ဇော် ။ ။ စဉ်းစားစဉ်းစားပြီး ပြောနေရ
တယ်။
ကြည်စိုးထွန်း ။ ။ ရပါတယ်ဆရာ။
ဦးခင်ဇော် ။ ။ အဲဒီမှာ သရုပ်ဆောင်တွေပုံတွေ၊
ခုနက လွယ်အိတ်တွေ၊ ရွှေရတု ရင်ထိုးတွေ ကျွန်တော်တို့ ရောင်းတယ်။ နောက်ပြီးတော့ ရွှေရတုပြခန်းလေ။ တို့အစည်းအရုံးမှာလုပ်ထားတဲ့ ပြခန်း ကိုဖွင့်ပေးတယ်။ စိန်ရတုကျတော့ ဟိုဟာမယ်လုပ်တာ တပ်မတော်ခန်းမမှာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့
ပြဇာတ်တွေလည်း ကကြ။ ဆရာ တို့ အဲဒီဘက်ကလည်း Demonstration တွေပေါ့နော်။ လာတဲ့ ပရိသတ်တွေဆရာတို့ ပြပေးတဲ့ဟာတွေ ပေါ့နော်။
ဦးခင်ဇော် ။ ။ စဝင်ဝင်ချင်းမှာ။ ဒီဘက်
ညာဘက်က တစ်ခြမ်းလုံးကို ကျွန်တော်ကယူထားလိုက်တယ်။ ယူထားလိုက်ပြီး ရုပ်ရှင် ဘယ်လို ရိုက်သလဲဆိုတာလေးပြတယ်။ နောက်ပြီးတော့ မော်တော်ကားနဲ့ မောင်းသွားတဲ့အခန်းတွေဆိုရင် ဒီလို ရိုက်ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ မော်တော်ကားလေး ကိုချ ချပြီး ကားလေးကို နှစ်ယောက်သုံးယောက်လောက်က ဒီလိုလေး ဒီလိုလေးလှုပ်ပေးတယ်။ လှုပ်ပေးပြီးတော့ သစ်ပင်တွေ ကိုင်ပြီးပြေးရတယ်။ သစ်ပင်တွေ ကိုင်ပြေး တော့ အဲဒီဟာကို ရိုက်ထားလိုက်တော့ သစ်ပင်တွေ လူတွေကိုင်ပြီး ဘာလို့ပြေးနေသလဲပေါ့။ ပိတ်ကားထဲမှာ ကျတော့ ပြန်ပြီးလည်းပြတယ်။ ကျွန်တော်တို့က အာ - သူတို့ တဝါးဝါးပဲ။ ပြန်ပြတဲ့အခါကျတော့ ကားမောင်း နေသလိုပဲ။ ဒီလိုမျိုးလေးတွေလုပ်တော့ ဟိုဘက်က ကျွန်တော်ထင်တယ် အေဝမ်းသိန်းထွဋ်တို့၊ ကိုအောင် မြင့်မြတ်တို့ လုပ်တယ်ထင်ပါရဲ့။
ဆက်လက်ဖော်ပြပါမည်