Skip to main content

ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကျင်းပ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက်

စေတုတ္တရာ မတ် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အများပြည်သူ ဘေးအန္တရာယ်ခိုလှုံနိုင်ရန် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်တွင် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose  Shelter အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အများပြည်သူဘေးအန္တရာယ်ခိုလှုံနိုင်ရန် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose  Shelter အဆောက်အဦဖွင့်ပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊  သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊  တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Multi-Purpose Shelterအဆောက်အဦ ကမ္ဗည်း ကျောက်စာအား အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာမက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လမ်းညွှန်အမှာစကား ပြောကြား ပြီးနောက် ဒေသခံ ပြည်သူများ ကိုယ်စားတိုင်းဒေသ ကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက စေတုတ္တရာမြို့နယ် ဂရုဏာရှင်အသင်းသို့ ဆေးရုံတက်လူနာများအား အောက်စီဂျင် အခမဲ့ပေးလှူနိုင်ရန်အတွက်  မတည်အလှူငွေကျပ်(၁၀)သိန်းအား မကွေးတိုင်းဒေသကြီး လွှတ်တော် ရန်ပုံငွေမှ  ပေးအပ်ခဲ့ပြီး  အများပြည်သူဘေးအန္တရာယ်ခိုလှုံရန်  Multi-Purpose Shelter အဆောက်အဦအား မြင့်မိုရ်စံထားကုမ္ပဏီမှ Managing Director ဦးလှမင်းက ရပ်မိ/ရပ်ဖ ဦးချိုကြီးထံသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦအား  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခွင့်ပြုငွေ ကျပ်(၁၉၄)သန်းဖြင့် မြင့်မိုရ်စံထားကုမ္ပဏီက (၁.၈.၂၀၁၉) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက် အဦမှာ  အလျား(၇၀)ပေ၊ အနံ(၆၀)ပေ၊ အမြင့်(၂၁)ပေ၊ နှစ်ထပ်အာစီ အဆောက်အဦအမျိုးအစားဖြစ်ကြောင်း သိရသည်။

ပေါက်ပေါက်(ပြန်/ဆက်)