Skip to main content

ရဲစခန်းအသစ် ၊ဆေးပေးခန်းနှင့် ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း ဆောက်လုပ် မည့်မြေနေရာတို့အား ပန္နက်တင် အခမ်းအနားပြုလုပ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်

ရေး မတ် ၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က ရေး မြို့နယ် နှစ်ကရင်ကျေးရွာအုပ်စု ၊ သပြေသစ်ကျေးရွာအနီးတွင် ရဲစခန်းအသစ် ၊ ဆေးပေးခန်း ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးစခန်း ဆောက်လုပ်မည့် နေရာတို့အား ပန္နက်တင် အခမ်းအနား ပြု လုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် SMDCo.ktd ဥက္ကဌ ဦးစိန်ဝမ်း တို့က အမှာစကားပြောကြားပြီး SMD Co.ktd မန်နေးဂျင်းဒါရိုက်တာ Mr.Tang WengFei က စီမံ ကိန်းဆိုင်ရာလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ၊ ပြည်နယ်ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးလှထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးချစ်တင်နှင့် ဒေါက်တာမင်းစိုးလင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးအောင်စိုး၊ ပို့ဆောင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူးဦးတိုးလွင်၊ KNu ဥက္ကဌ စောမူတူးဆေးဖိုး၊ မွန်ပြည်သစ် ပါတီမှ နိုင်အမ်စိုက်ချမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းနှင့် SMD Co.ktd ကုမ္ပဏီမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပြီး ကမ်းလွင်ပင်လယ်ပြင်ထောက်ပံ့ရေးစခန်း Oil and Gas storage Tank and Jetty Project အဆောက်အဦးကို SMD Co.Ltd မှ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

အောင်ဖြိုး(ပြန်/ဆက်)