Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ် စိုး၊ UNDP မှ LEAP Project Manager Ms. Valentina Bianchini နှင့် ကျွမ်းကျင်ပညာရှင် Prof, Mr. Federico Ceschel တို့က  လူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနယ်ပယ်တွင် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုကို စီမံခန့်ခွဲနိုင်ရန် (Corruption  Risk Management – CRM) နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုအလေ့အကျင့်များကို မျှဝေရန် CPU များအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မေလအတွင်း ကျင်းပရန်လျာထားမှု။

ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် CPU အဖွဲ့များ ဖွဲ့စည်းထားသည်မှာ သက်တမ်း တစ်နှစ်ကျော်ပြီဖြစ်၍ အထိုက်အလျောက် အောင်မြင်နေမှု၊ CPU အဖွဲ့များ၏ လုပ်ငန်း တာဝန်(၃)ရပ်၊ အစီအစဉ် (၆)ချက်ကိုလည်း အတည်ပြုထုတ်ပြန်ထားပြီး အစီအစဉ် (၆)ချက်၏ အမှတ်စဉ်(၃)ပါ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်း အမိန့်ညွှန်ကြားချက်များကို စိစစ်သုံးသပ်ပြီး စီမံခန့်ခွဲနိုင်ရေးအတွက် စုပေါင်း ဆွေးနွေးရန်လိုအပ်မှု၊ CPU အဖွဲ့များ၏ လုပ်ဆောင်ချက်များ အောင်မြင်ပါက လာဘ်ပေး လာဘ်ယူနှင့် အဂတိလိုက်စားမှုကို ကြိုတင်တားဆီးကာကွယ်နိုင်မှုတို့နှင့်စပ်လျဉ်း၍ ဆွေး နွေး ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဌာန (၂၂) ခုရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး (CPU) အဖွဲ့များမှ တာဝန်ရှိသူများကို အုပ်စုများခွဲ၍ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အမိန့်ညွှန်ကြားချက်များကို စိစစ်သုံးသပ်ပြီး စီမံခန့်ခွဲနိုင်ရေး နှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။ (သတင်းစဉ်)