နေပြည်တော် မတ် ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံး က အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိ သည်။
မတ် ၁၄ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် မြင်းနှင့် ကြက်တို့၏ ကျေးဇူးရှင်သခင်အား ကျေးဇူးသိတတ်ပုံအကြောင်းကို ရေးဖွဲ့ထားသော ကာတွန်းမင်းကောင်းကို၏ “မြင်းနှင့် ကြက်” မျက်နှာဖုံးဇာတ်လမ်း၊ ချစ်စရာ့ Wood Thrush ငှက်မျိုးစိတ်တို့၏ သဘောသဘာဝနှင့် ၎င်းတို့၏ နေထိုင်သွားလာ ကျက်စားပုံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် သုတဆောင်းပါး၊ အာတူး၏ ထိုးထွင်းကြံဆနိုင်စွမ်း ရှိပုံ အကြောင်း ကို ရေးဖွဲ့ထားသည့် နှစ်မျက်နှာ ကာတွန်း၊ မတော်လောဘစိတ် ရှိ ခြင်းကြောင့် ရရှိပြီး အခွင့်အရေးကိုပင် လက် လွတ် ဆုံးရှုံးခဲ့ရပုံ အကြောင်းကို ရေးဖွဲ့ ထားသည့် ပုံပြင်တို့အပါ အဝင် ရွှေသွေးအင်္ဂလိပ် သဒ္ဒါ၊ ဉာဏ်စမ်း၊ ကဗျာစုံ လင်စွာဖြင့် ဖတ်စရာ မှတ်စရာများ ပါရှိ ကြောင်း သိရသည်။
သတင်းစဉ်