နေပြည်တော် မတ် ၁၃
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား HIV ကာကွယ်ရေးအစီအစဉ် တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေး တက်ရောက်ရန် ထိုင်းတော်ဝင်မင်းသမီး Soamsawali Krom Muen Suddhanarinatha နှင့်အဖွဲ့သည် ယနေ့ညနေ ၃ နာရီ ၅၅ မိနစ်တွင် အထူး လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိကြသည်။
ထိုင်းတော်ဝင်မင်းသမီးနှင့်အဖွဲ့ကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စစ်ဆူဖတ်သရာ ဆီမိုင်းသရီ ဖိတပ်နှင့်တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
(သတင်းစဉ်)