ဘားအံ မတ်လ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ဘားအံပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။
လှူဒါန်းပွဲတွင် ကရင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငွေကျပ်(၁၀)သိန်း၊ သန့်စင်ဆေးခန်းနှင့်ဘားအံ ယူနိုက်တက်ဟိုတယ်မိသားစုတို့မှ ငွေကျပ်(၅)သိန်း၊ ကရင်ပြည်နယ် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမိသားစုမှ ငွေကျပ်(၅)သိန်း၊ ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်းမိသားစုမှ ငွေကျပ်(၁)သိန်း၊ ကရင်ပြည်နယ်/ခရိုင်/မြို့နယ်တရားလွှတ်တော်မိသားစုမှငွေကျပ်(၁)သိန်း၊ ဒေါက်တာမြတ်ကောင်းနှင့် ဒေါက်တာအေးအေးထွန်း (သမားတော်ဆေးခန်း) မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ ဒေါက်တာချိုချိုဝင်း မျက်စိအထူးကုဆရာဝန်ကြီးမှ ငွေကျပ် (၃)သိန်း၊ ဦးမျိုးမြင့်နှင့် ဒေါ်ခင်မာဆွေသန်းမိသားစုမှ ငွေကျပ်(၃)သိန်းတို့ကို ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းနှင့် အလှူရှင်များကပေးအပ်ရာ ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်၊ ဘားအံ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်တို့က လက်ခံရယူခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)