ထန်တလန် ဇန်နဝါရီ ၁၄
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုတို့တက်ရောက်၍ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁) ရပ်ကွက်ရှိ နေအိမ် (၃) လုံး မီးလောင်သည့် နေရာအား သွားရောက်ကြည့်ရှုကြပြီးနောက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေတို့က နှစ်သိမ့်အားပေး စကား ပြောကြားကြသည်။
ဆက်လက်၍ မီးဘေးသင့်ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ငွေကျပ်(၁)သိန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေက ငွေကျပ်(၁၀)သိန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုက ငွေကျပ်(၂)သိန်း၊ စုစုပေါင်းငွေကျပ် (၁၃)သိန်းကို ထောက်ပံ့ပေးအပ်ပြီး မီးဘေးသင့် ပြည်သူများကိုယ်စား ဦးထလာကျုံးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)