နေပြည်တော် ဇန်နဝါရီ ၁၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘော ဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Vong Pisen အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြု တပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အခမ်းအနား တက်ရောက် လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက် ပေးကြသည်။
ထို့နောက် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇေယျာ သီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက် ရန်၊ လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ် ကျော်မှု ခင်းနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်း ရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး ကဏ္ဍများတွင် သတင်း အချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရသိရသည်။
(သတင်းစဉ်)
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး