နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း သည် Danish Institute for Parties and Democracy (DIPD)၏ ဒါရိုက်တာ Mrs. Lisbeth Pilegaard နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ် တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး/ပြည်နယ်များ တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံရေး ဖြစ်စဉ်များတွင် အမျိုးသမီးများပါဝင်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်