Skip to main content

အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေးနှင့်အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးကျင်းပမည်

နေပြည်တော်    ဇန်နဝါရီ    ၁၆

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေးကို ၁၃၈၁ ခုနှစ် တပေါင်းလဆန်း (၃၊ ၄၊ ၅၊ ၆)ရက်၊၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ (၂၅၊ ၂၆၊ ၂၇၊ ၂၈ ) ရက်၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ နေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၁ ခုနှစ် တပေါင်းလဆန်း(၇၊၈)ရက်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်၊ မတ် ၁ ရက်၊ စနေ၊ တနင်္ဂနွေနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၁ ခုနှစ် တပေါင်းလဆန်း ၂ ရက်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက် တနင်္လာနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ကို ၁၃၈၁ ခုနှစ် တပေါင်းလဆန်း (၁၀၊ ၁၁၊ ၁၂) ရက်၊ ၂၀၂၀ ပြည့်နှစ် မတ် (၃၊ ၄၊ ၅) ရက်၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများသည် ၁၃၈၁ ခုနှစ် တပေါင်းလဆန်း ၉ ရက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၂ ရက် တနင်္လာနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

ပင့်လျှောက်စာများအချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်