Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း Asian Network for Free Elections ANFREL ၏ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၇

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Asian Network for Free Elections (ANFREL) အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Chandanie Watawala နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာရှိမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်း ဖြစ်စေရေးဟူသည့် စံ(၅)ချက်နှင့်အညီကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ (Civic Education)နှင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ(Voter Education)တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်