Skip to main content

ဟားခါးမြို့နယ် ပြည်တော်သာမြို့မစျေး အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်

ဟားခါး  ဇန်နဝါရီ  ၁၈

ချင်းပြည်နယ် ၊ ဟာခါးမြို့၊ ပြည်တော်သာမြို့မစျေး အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ အဆောက်အဦသစ်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ခရစ်ယာန်ဘာသာ ထုံးတမ်းအစဉ်အလာအရ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန် ဟုပ်လိန်းက အထူးဆုတောင်းပေးပြီးနောက် ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်း၊ မြို့မိမြို့ဖ ဦးငွန်ဆန်းအောင် တို့က ပြည်တော်သာမြို့မစျေး အဆောက်အဦအသစ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြည်တော်သာမြို့မစျေး အဆောက်အဦအသစ် ကမ္ပည်းမော်ကွန်း​ကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်ပေးပြီးနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်တော်သာမြို့မစျေး ဆောက်အဦအသစ်အတွင်း ရောင်းချ လျက်ရှိသည့် စျေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းနှင့်

အဆိုပါ  ပြည်တော်သာမြို့မစျေး RC(၄)ထပ်အဆောက်အဦကို နိုင်ငံတော်၏ ထောက်ပံ့ငွေ၊ ချင်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် အဆောက်အဦး အထူးအဖွဲ့(၉)မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး  ဟားခါးမြို့၏ ပထမဦးဆုံးသော စျေးသစ်ကြီး ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)