နေပြည်တော် ဇန်နဝါရီ ၁၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၏ ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ရှိ အဆိုပါကောလိပ် စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၂)တွင် ဆုရရှိကြသည့် စံပြအရာရှိလောင်း(ရေကြောင်း)ဆုရ အရာရှိလောင်း မြင့်မိုရ်သွေး၊ စံပြအရာရှိလောင်း(အင်ဂျင်နီယာ) ဆုရ အရာရှိလောင်း နေလင်း၊ ကုန်သွယ်ရေကြောင်းအရာရှိ လောင်း စာပေဆုထူးချွန်ရ အရာရှိလောင်း သွင်ကောင်းဆက်၊ အင်ဂျင်နီယာအရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း မြတ်သူ၊ အကောင်းဆုံးစစ်ရေးပြဆုရ ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင် တန်းအမှတ်စဉ်(၁၂)မှ ဘရဏီတပ်ခွဲနှင့် အကောင်းဆုံးစစ်ရေးပြဆုရ ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄) ဘရဏီတပ်ခွဲတို့ကို ဆုများကို ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး အရာရှိလောင်း တပ်ခွဲများက စစ်ကြောင်းပုံပြု ချီတက်အလေးပြုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကုန်သွယ်ရေကြောင်း ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၂)တွင် ဒီပလိုမာလက်မှတ်ရ ရေကြောင်း အရာရှိလောင်း ၆၃ ဦးနှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း ၆၉ ဦး စုစုပေါင်း ၁၃၂ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး ကုန်သွယ်ရေကြောင်း အရာရှိလောင်း သင်တန်းများ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အချိန်ထိ ရေကြောင်းအရာရှိလောင်း ၂၇၇၉ ဦးနှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း ၂၇၃၄ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)