Skip to main content

နေပြည်တော် ဇန်နဝါရီ ၁၈ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနအောက်ရှိ စာပေဗိမာန်ပြည်သူ့စာကြည့် တိုက်ကို အမှတ် ၅၂၉/ ၅၃၁၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့် ကျောက်တံတားမြို့နယ် စာပေဗိမာန် အဆောက်အဦ၌ ၁၉၅၆ ခုနှစ် မတ် ၁၃ ရက်တွင် စတင်ဖွင့်လှစ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ဆန်လုံးညို၏ “သုံးရာသီသခင်နှင့် မြန်မာ့လယ်ယာ ကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် မြန်မာ့လယ်ယာလုပ်သားများနှင့် ကျေးလက် သဘာဝများကို အလေးထား ဖွဲ့ဆိုထားသော ကဗျာပုဒ်ရေ ၁၀၆ ပုဒ်ပါဝင်ပြီး ကျေးတောသူ ကျေးတောသား တို့၏ ရိုးစင်းလှပသော ချစ်ခြင်းမေတ္တာတရားများကို စာနာမြတ်နိုးဖွယ်ဖြစ်အောင် ရှုထောင့်စုံ၊ မြင်ကွင်းစုံမှ ရေးဖွဲ့ထားသော ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၂၄၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၂။ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၂၄၉၀၃၁၊၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာ ယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်