နေပြည်တော် မတ် ၂၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့နှင့် ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၆/၂၀၂၄ (ကရင်)၊ ၁၇/၂၀၂၄ (ရန်ကုန်)၊ ၁/၂၀၂၅ (မန္တလေး)နှင့် ၂/၂၀၂၅ (မန္တလေး) စုစုပေါင်းရာဇဝတ်အထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၈၀/၂၀၂၄ (ရန်ကုန်)၊ ၁/၂၀၂၅ (မကွေး)၊ ၂/၂၀၂၅ (ရန်ကုန်)နှင့် ၃/၂၀၂၅ (မွန်) စုစုပေါင်းတရားမအထူးအယူခံမှု (၄)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်