ရန်ကုန် ဇန်နဝါရီ ၆
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ည ၁၁ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိသည်။
ကြိုဆိုနှုတ်ဆက်
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီး ဌာနမဟာဗျူဟာနှင့် လေ့ကျင့် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးမှ ပထမအတွင်းဝန်/ ကောင်စစ်ဝန် Mr . Alan Roi Q.Galoriola ၊ စစ်သံမှူး Col.Jose P.Navarro , Jr နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
