Skip to main content

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပခဲ့မှုအတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ ရွေးကောက်ပွဲ၏ရလဒ်များသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အား ခိုင်မာသည့် လုပ်ပိုင်ခွင့် ဆက်လက်အပ်နှင်းခြင်းပင် ဖြစ်ပါကြောင်း၊ ဆန္ဒပြုမဲပေးသူဦးရေ မြင့်မားမှုသည် ပြည်သူများ၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်ကို ထင်ဟပ်လျက်ရှိပြီး၊ မြန်မာနိုင်ငံသည် မတူကွဲပြားမှု အင်အားဖြင့် အားလုံးပါဝင်ပြီး၊ သဟဇာတဖြစ်သည့် ဒီမိုကရေစီနိုင်ငံတေးပေါ်ထွန်းလာရန် အမှန်တကယ်အခွင့်အရေး ရှိနေပါကြောင်း၊ ၎င်းအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများကို ကောင်းစွာနားလည်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ခိုင်မာသည့် အင်စတီကျူးရှင်းများနှင့် လူ့အခွင့်အရေး လေးစားလိုက်နခမှုတို့ကိုအခြေခံသည့် ဒီမိုကရေစီထွန်းကားရေးအတွက် ကုလသမဂ္ဂအနေဖြင့် ခိုင်မာစွာ ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါ ကြောင်းနှင့် ကုလသမဂ္ဂစနစ်တစ်ခုလုံးအနေဖြင့် မြန်မာအစိုးရနှင့် ပိုမိုခိုင်မာစွာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာပြည်သူများအား ဆက်လက် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ထည့်သွင်းဖေါ်ပြထားပါသည်။