ရန်ကုန် ဩဂုတ် ၆
(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့တွင် ဗန်ကောက်မြို့၌ ဆက်လက်ယှဉ်ပြိုင်လျက်ရှိရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက ပါကစ္စတန်အသင်းကို ပထမပွဲ၌ ၁၅ - ၂ မှတ်နှင့် ဒုတိယပွဲ ၌ ၁၅ - ၆ မှတ်ရရှိကာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၌ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပွဲတွင် မြန်မာ ၁၅ မှတ် ဖိလစ်ပိုင် ၁၂ မှတ်၊ ဒုတိယပွဲတွင် မြန်မာ ၈ မှတ်၊ ဖိလစ်ပိုင် ၁၅ မှတ်နှင့် တတိယပွဲတွင် မြန်မာ ၈ မှတ်၊ ဖိလစ်ပိုင် ၁၇ မှတ်ရရှိကာ ဖိလစ်ပိုင်အသင်းက နှစ်ပွဲနိုင်ဖြင့် အနိုင်ရရှိခဲ့သည်။
လေးယောက်တွဲယှဉ်ပြိုင်
ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပွဲတွင် မြန်မာ ၁၆ မှတ် တောင်ကိုရီးယား ၁၇ မှတ်၊ ဒုတိယပွဲတွင် မြန်မာ ၁၅ မှတ် တောင်ကိုရီးယား ၆ မှတ်၊ တတိယပွဲတွင် မြန်မာ ၁၆ မှတ် တောင်ကိုရီးယား ၁၇ မှတ်ရရှိကာ တောင်ကိုရီးယားအသင်းက နှစ်ပွဲနိုင်ဖြင့် အနိုင်ရရှိခဲ့သည်။
ယှဉ်ပြိုင်ကစားမည်
ဩဂုတ် ၇ ရက်(ယနေ့)တွင် အမျိုးသားအသင်းလိုက် ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နေမျိုး ဓာတ်ပုံ-MSF
