ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်
ယခုနှစ် ရာပြည့်ပွဲတော်ကျင်းပလျက်ရှိသည့် ရန်ကုန်တက္ကသိုလ်ကြီးတွင် ကျွန်တော်သည် ကျောင်းသားနှစ်ကြိမ်ဖြစ်ဖူးပါ၏။ ပထမအကြိမ်မှာ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် အထိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏ စိန်ရတုကာလ ကျောင်းသားဖြစ်ခဲ့ပြီး ယင်းကာလနှင့်ပတ်သက်၍ ရေးသားမှုများစွာ မတွေ့ရသောကြောင့် ကျွန်တော်တို့ကာလ အတွေ့အကြုံများကို ပြန်လည်မျှဝေလိုစိတ် ဖြစ်ပေါ်မိပါသည်။
