Skip to main content

မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ

ယနေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် နိုင်ငံတကာမျက်နှာစာတွင် ကြီးကျယ်ခမ်းနားထည်ဝါပြီး ဝမ်းမြောက်ဂုဏ်ယူစရာကောင်းသော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်။ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် The Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးတို့ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးကြသည်။ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်-မြန်မာ အလံငယ်လေးများ ကိုင်ဆောင်ကာ တက်ကြွပျော်ရွှင်က ခုန်သီဆို ဝှေ့ယမ်းနှုတ်ဆက်ကြသည့် တရုတ်နိုင်ငံသူ နိုင်ငံသား ချစ်စဖွယ်ကလေးငယ်လေးများ၊ ခံ့ညားထည်ဝါပြီး အလွန်စမတ်ကျသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၏ တရားဝင် ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားမြင်ကွင်းများသည် အံ့မခန်းမှင်တက်ငေးမောစရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

အေးအတူ ပူအမျှ အသိုက်အဝန်း၏ တောက်ပသည့်အနာဂတ်သို့ ဦးတည်

မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ရှိသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝပိုက်လိုင်းစီမံကိန်း၊ မူဆယ်- မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ် ရေးစီမံကိန်း၊ မန္တလေး - ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းစသည်တို့မှာ ကြီးမားသည့် စီမံကိန်းများဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ
Subscribe to