Skip to main content

Mar 19, 2020

နေပြည်တော် မတ် ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီက အမိန့်ကြေညာစာကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့်ကြေညာစာ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူတို့အနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် တိကျစွာလိုက်နာရန် အမိန့်ကြေညာချက်ကို ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အုပ်ချုပ်မှုအောက်ရှိ ဈေးများကို ပိတ်သိမ်းသွားမည်ဟု သတင်းပြန့်နှံ့ နေခြင်းသည် ကောလာဟလ သတင်းအမှားဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက သိရသည်။

“ဈေးတွေအားလုံး ပိတ်ဖို့ အစီအစဉ် မရှိပါဘူး။ ညွှန်ကြားချက် တစ်စုံတစ်ရာ မရမခြင်း ဈေးတွေကို ပိတ်ဖို့ အစီအစဉ် မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၉

အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက နေ့တွက်စရိတ်တစ်ရက်စာကို “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ”သို့ လှူဒါန်းခြင်းအခမ်းအနားကို မတ်လ ၁၉ ရက်၊ နံနက် ၀၉၃၀ နာရီချိန် ပြည်ထောင်စုလွှတ်တော် (D)ဆောင် နာယကနားနေခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ဘားအံ  မတ်  ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ယမန်နေ့ ညနေ ၄ နာရီခွဲက  နှစ်သစ်အကြို နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော်  မတ်  ၁၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၁ ဦးတက်ရောက်ပြီး ၂၃ ဦး ခွင့်တိုင်ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ရန်ကုန် မတ် ၁၈

COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှု ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် ရွှေတိဂုံ စေတီတော် ဝတ္ထုကံမြေအတွင်းရှိ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်း၊ ဇရပ်၊ ဓမ္မာရုံများ တွင် တရားစခန်းများကျင်းပခြင်း၊ စုပေါင်း ဒုလ္လဘရဟန်းခံပွဲများကျင်းပခြင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ သီတင်းသုံး နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် စတုဒိသာ ကျွေးမွေး လှူဒါန်းခြင်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက် ထပ်မံမထုတ် ပြန်မီကာလအတွင်း မပြုလုပ်ကြရန် ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံးမှ ညွှန်ကြား ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ပဲခူး  မတ်  ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်မြို့နယ်အတွင်း တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရေး လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ Golden Zenith Co., Ltd မှ တာဝန်ရှိသူများက လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအများစု သင်္ကြန်ကာလနှင့် ယခုကာလများအတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှု မရှိသလောက် နည်းပါးသွားနိုင်ကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာလူမျိုးများထံမှ သိရသည်။

ခေတ္တပြန်လာခြင်းများ မလုပ်သင့်

ဆက်လက်ဖတ်ရှုရန်