Jul 12, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 12, 2026
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနနှင့် ကျီးရှီးမြူနီစီပယ်အစိုးရတို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ကျီးရှီးမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့ ပါဝင်တက်ရောက်ကြသည်။
Jul 12, 2026
အနီးစခန်းလေဆိပ်သစ်ဖွင့်လှစ်၍ လေကြောင်းလိုင်းများ စတင်ပျံသန်းပြေးဆွဲ
Jul 12, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်၌ ယာယီပြည်သူ့ဆေးရုံ ပြင်ဆင်စီမံထားရှိမှု၊ Mobile ခွဲစိတ်ခန်းတပ်ဆင်ထားရှိမှု၊ ရေရရှိမှု၊ မီးရရှိမှု၊ ဆေးရုံထပ်မံတိုးချဲ့နိုင်မည့်အခြေအနေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများရရှိမှု၊ ဆေးကုသပေးနေမှုနှင့် ဆေးစတိုအတွင်း ဆေးဝါးများ သိုလှောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွက် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကို နိုင်ငံတော်က အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။
Jul 12, 2026
၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
Jul 12, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
Jul 12, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့မိမြို့ဖအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များအား အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရှင်းလင်းဆောင်ခန်းမ၌ တွေ့ဆုံရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့၏ အစဉ်အလာကောင်းများ စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
Jul 12, 2026
ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင် တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
Jul 12, 2026
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် ဆန့်ကျင်လျက် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အစည်းအဝေးကာလအတွင်း ဇွန်လ ၂၉ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံစာတင်သွင်းမှုပြုလုပ်ခဲ့ပြီး အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို ဇူလိုင်လ ၆ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။
Jul 12, 2026
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်လျှင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နေရပ်စွန့်ခွာမှုအပေါ် လူ့အခွင့်အရေးရှုထောင့်တစ်ဖက်တည်းမှ ရှုမြင်ကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဖိအားပေးခြင်းဖြင့် ကျိုးကြောင်းဆီလျော်မှန်ကန်သည့်ရလဒ် ရရှိနိုင်မည်မဟုတ်သည်ကို ဆယ်နှစ်ဆယ်မိုးကြာမြင့်ခဲ့ပြီဖြစ်သည့် အချိန်ကာလက သက်သေတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ကုလသမဂ္ဂတွင် တရားဝင် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်မရှိခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ သတင်း အချက်အလက်များကို မြန်မာနိုင်ငံအား ဆန့်ကျင်နေသည့် အရင်းအမြစ်များမှ ရယူခြင်း၊ အနောက်အုပ်စုမီဒီယာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မျှတမှုကင်းမဲ့သော သတင်းအဆိုးများကိုသာ အမြဲတစေမြင်တွေ့နေရခြင်းစသည်တို့က မြန်မာနိုင်ငံကို အဆိုးမြင်ဖြင့်သာ မြင်စေသည်။
Jul 11, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)သို့ တက်ရောက် ဆွေးနွေးခဲ့သည်။
Jul 11, 2026
အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 11, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂၈) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
Jul 11, 2026
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပဏ္ဍိတလမ်းရုံးအမှတ် (၄-ဂ) အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာစုစုဒွေးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
Jul 11, 2026
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကြာအင်း ကျေးရွာနေ ဒေါ်ပပလှိုင် အသက် ၃၂ နှစ်သည်သားဦးအမြွှာ ကိုယ်ဝန်ဖြင့် လှည်းကူးမြို့ ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူခဲ့ ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့သည်။
Jul 11, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကိုကိုးကျွန်းမြို့နယ်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူရှစ်ဦးစလုံး အောင်မြင်ခဲ့ကာ တပ်မတော် မိသားစုဝင် သားသမီးများနှင့် တပ်မတော်(လေ)မှ တပ်သားတစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းကြိုးပမ်း အားထုတ်မှုမှ အနာဂတ်ပန်းခင်းလမ်းကို ပုံဖော်စွမ်းဆောင်နိုင်ခဲ့ကြသော ကိုကိုးကျွန်းမှ ပညာ့အလင်း ဆောင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ၏ ဝမ်းသာပီတိ စကားသံများကို စုစည်းဖော်ပြ အပ်ပါသည်။
Jul 11, 2026
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 11, 2026
နီပေါ-မြန်မာ ဒီဂျစ်တယ်ကူးပြောင်းမှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင် ရွက်ရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးခတ္တာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 11, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 11, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဟားခါး - ဖလမ်းလမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
