အမှိုက်ကင်းကွာ ဒို့ကျေးရွာ၊ ကျေးရွာသန့်ရှင်းရောဂါကင်း
ယခုအခါ လူဦးရေ တိုးတက်များပြားလာခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ စွန့်ပစ်အမှိုက်ထွက်ရှိမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်များစွာထဲမှတစ်မျိုးဖြစ်သည့် ပလတ်စတစ် အမှိုက်များကြောင့် ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်ကို ပျက်စီးစေပြီး လူသားတို့၏ကျန်းမာရေးကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်အိတ် အလုံးရေ၅၀၀ဘီလီယံခန့် အသုံးပြု လျက်ရှိပြီး ပလတ်စတစ်အိတ်တန်ချိန် ကိုးသန်းခန့်သည် ပင်လယ်သမုဒ္ဒရာများအတွင်း အမှိုက်များအဖြစ် ပျံ့နှံ့မျောပါလျက်ရှိသည်။ ကမ်းရိုးတန်း ၁၉၂ နိုင်ငံမှ ထွက်ရှိ သ