အာချေးရောက် ဘင်္ဂါလီအမှုကို ရွာလာပတ်တဲ့ အင်ဒိုနီးရှား
၂၀၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက ရာနဲ့ချီတဲ့ ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူ တွေ အင်ဒိုနီးရှားကို တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ တကယ်တော့ ဒေသတွင်းမှာ ထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ၁၉၇၀ ပြည့်နှစ်ကျော် ကာလတွေတုန်းကလည်း ဗီယက်နမ်လှေစီးဒုက္ခသည်တို့၊ ကမ္ဘောဒီးယား လှေစီးဒုက္ခသည်တို့ ပြဿနာကိစ္စတွေ ရှိခဲ့ဖူးတာပါပဲ။ ရွှေ့ပြောင်းသွားလာသူတွေရဲ့ Boat People ဆိုတဲ့ လူကုန်ကူးလှေတွေဆိုလည်း အင်ဒိုနီးရှားမှမဟုတ်ပါဘူး။ မလေးရှား၊ ထိုင်း၊ မြန်မာစတဲ့ ကမ်းရိုးတန်းရေပိုင်နက်အထိ ရောက်ရှိလာခဲ့လို့ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြရပါတယ်။
