ကိုရီးယားနိုင်ငံ၏ လူဦးရေကျဆင်းလာသည့်အတွက် နိုင်ငံခြားသားအလုပ်သမားများလိုအပ်ချက် မြင့်မားလာ
တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် လွန်ခဲ့သောနှစ်က ၀ ဒသမ ၇၂ ပမာဏသာရှိခဲ့ပြီး ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးအဖြစ်မှတ်တမ်းတင်ခဲ့သည်။ ကလေးမွေးဖွားနှုန်း ရှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ပြီး OECD နိုင်ငံများကြားတွင် ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးဖြစ်ခဲ့သည်။ အကယ်၍ ကလေးမွေးဖွားနှုန်းသည် ၀ ဒသမ ၆ နှင့် ၀ ဒသမ ၈ ကြား၌သာရှိမည်ဆိုပါကလာမည့် ရာစုဝက်အတွင်း ကိုရီးယားနိုင်ငံ၏ လူဦးရေသည် ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်ကြောင်း ကိုရီးယားနိုင်ငံအမျိုးသားညီလာခံဘတ်ဂျက်မူဝါဒစာရင်းများအရ သိရသည်။
