ကျေးလက်လူမှုစီးပွားမြင့်မားဖို့ ကျေးလက်လမ်းတွေ အဆင့်မြှင့်စို့
ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် ကတ္တရာလမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် သွားလာသူများ စည်ကားနေသည်။ ဂွေးကုန်းရွာသည် နတ်မောက်မြို့၊ ရေနံချောင်းမြို့တို့နှင့် မဝေးသော်လည်း ယခင်က မြေသားလမ်းဖြစ်သည့်အတွက် ခရီးမတွင်ပေ။ မြေသားလမ်းသာ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာနှင့် ဝက်ချုပ်ကျေးရွာ အနီးနားတစ်ဝိုက်ရှိ ကျေးလက်နေပြည်သူများသည် ဒေသလူမှုစီးပွားအတွက် အခက်အခဲများ ရှိခဲ့ကြသည်။