Skip to main content

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းတာဝန်များ၊ အမျိုး သားအဆင့် လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ရှင်းလင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား‌ရေး ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန် ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်း များ၏ အသက်(၃)နှစ်အောက် ကလေးများအတွက်ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင် နေ့ ကလေးထိန်း ဌာနသို့ သွားရောက်၍ ကလေး ငယ်များကို ပြုစုစောင့်ရှောက်မှုအခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များကို မှာကြား၍ နေ့ကလေးထိန်းဌာနတွင် သား/သမီး ရင်သွေး ငယ်လေးများအား မုန့်၊ ပဲနို့နှင့် အရုပ် လက်ဆောင် ပစ္စည်းများပေးအပ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်အချို့၌ တပ်မတော်ထောက်ခံပွဲပြုလုပ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံ ပွဲကို ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့၌ အင်အား ( ၈၀၀၊ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့၌ အင်အား ( ၁၀၀၀၀ ခန့်ဖြင့်လည်းကောင်း၊ မလှိုင်မြို့၌ အင်အား ၃၀၀၀ဖြင့်လည်းကောင်း၊ ပျော်ဘွယ်မြို့၌ အင်အား ၂၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီး ထန်းတပင်မြို့၌ အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ကျောက်ကြီးမြို့၌ အင်အား ၂၀၀ ခန့်ဖြင့် လည်းကောင်း၊ သာယာဝတီမြို့၌အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ မိုးညိုမြို့၌ အင်အား ၅၀၀ ခန့်ဖြင့် လည်းကောင်း၊ ဖြူးမြို့၌ အင်အား ၃၀၀၀ |ခန့်ဖြင့် လည်းကောင်း၊ မုန်းမြို့၌ အင်အား ၄၀၀ ခန့်ဖြင့်လည်းကောင်း အသီးသီး ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။ ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ဆောင်ရွက် လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံ ပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆို ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် UEC အသစ်အား ကြိုဆိုပါသည်။ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်း ပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်။ တပ်မတော်နှင့် ပြည်သူသွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင် ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ် များကို ကိုင်ဆောင်ကြွေးကြော် ခဲ့ကြသည်။

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက် လှူဒါန်း

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များနှင့် ကျေးလက်ကျန်းမာရေးဌာန များ၌ ဆေးရုံ တက်ရောက် ကုသမှုခံယူ နေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများက လှူဒါန်းသည့် အာဟာရ ဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော် သားများ က သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ရဲမှုထမ်းများနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့်အရာရှိ၊ စစ်သည်များ၏ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင် များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း အသွားအလာ ကန့်သတ်ချက်များကြောင့် စားရေး အခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံး တို့၌ ပေးအပ်လျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက် အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘော ဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက် ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက် အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘော ဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက် ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ရေအရင်းအမြစ်ကို စနစ်တကျဆောင်ရွက်

ရေသည် လူသားအားလုံးအတွက် အရေးကြီးသည့်ပစ္စည်းဖြစ်သည်။ ရေသည် သက်ရှိအရာ များနှင့် သတ္တဝါများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ရေကို စနစ်တကျ အသုံးချလျှင် များစွာအကျိုး ရှိသည်။ စနစ်တကျ အသုံးမချတတ်လျှင် အဟောသိကံဖြစ်မည်။ ရေသည် ကောင်းကျိုးများစွာပေးသလို တစ်ခါတစ်ရံ ဆိုးကျိုးများလည်း ပေးသည်။

မြန်မာ့မီးရထားမှ ယာယီရပ်နားထားသော ခရီးဝေးရထား၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ ပြန်လည်ပြေးဆွဲမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ယာယီရပ်နားထားသော ခရီးဝေးရထား၊ မြို့ပတ်နှင့် ဆင်ခြေ ဖုံး ရထားများ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် နှင့်ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံ့ စီးပွားရေး ပြန်လည်တိုး တက် ကောင်းမွန်ရေးဆိုင်ရာများဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Subscribe to နေပြည်တာ်