နေပြည်တော် ဖေဖော်ဝါရီ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန် ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်း များ၏ အသက်(၃)နှစ်အောက် ကလေးများအတွက်ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင် နေ့ ကလေးထိန်း ဌာနသို့ သွားရောက်၍ ကလေး ငယ်များကို ပြုစုစောင့်ရှောက်မှုအခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များကို မှာကြား၍ နေ့ကလေးထိန်းဌာနတွင် သား/သမီး ရင်သွေး ငယ်လေးများအား မုန့်၊ ပဲနို့နှင့် အရုပ် လက်ဆောင် ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ ဖွဲ့ စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ တင်ပြ ရှင်းလင်းသည့် အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိ သူများတက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းနယ်ပယ်များသည် များပြားကျယ်ဝန်း ပါကြောင်း၊ မိမိတို့ဌာန တစ်ခုတည်းသာမက ပြည်သူ့အတွက်ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်စပ် ဝန်ကြီး ဌာန အချင်းချင်း အပြင် UN, NGOs, CSO များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကြရပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေး အတွက်ချမှတ်ထားသော မူဝါဒများ၊ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ သဘောတူ စာချုပ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအားအရှိန်အဟုန်မြှင့် ဆောင် ရွက် သွားရန်လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင် ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်း တာဝန် များ နှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ နောက်ခံအချက်အလက်၊ ရေးဆွဲထား ရှိ မှု၊ လုပ်ငန်းစီမံ ချက်ပါ ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်က ဖြည့်စွက် ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြား ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)