ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗြိတိသျှအစိုးရနန်းရင်းဝန် အက်တလီ၏ ဖိတ်ကြားချက်အရ မြန်မာပြည်လွတ်လပ်ရေးအတွက် ဆွေးနွေး ရန် ထွက်ခွာသွားသည်။ ညောင်ရွှေစော်ဘွားကြီးလည်း ရှမ်းပြည်မြောက်ပိုင်းသို့ စော်ဘွားများစည်းဝေးကြရန် ထွက်ခွာသွား၏။ ခြေထိုးရန် အကွက်ကောင်းကို စောင့်နေကြ သော နယ်ခြားဒေသအတွင်းဝန် စတီဗင်ဆင်သည် ရှမ်းပြည်မြောက်ပိုင်းတွင် ရောက်နှင့်နေပြီဖြစ်သည်။ စော်ဘွားများအား ချော့ချည်မြှောက်ချည်နှင့် မြန်မာပြည်နှင့် မပူးပေါင်း ရန် သွေးထိုးနေလေသည်။