Skip to main content

May 25, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နှင့် ယနေ့တွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းအခြေအနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း၊ ချောက်မြို့အနီးဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေစီးဆင်းမှုနှင့် အောက်ခံကျောက်သားတွေ့ရှိမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ “မဲခေါင်- လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက် မပြတ်သောရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့် ဆွေးနွေးပွဲ”အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralong-korn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimala-lakshana ၊ ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းပြည်သူများမှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ယာယီတဲများနှင့် အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ငါးသေတ္တာများနှင့် အသင့်စားခေါက်ဆွဲခြောက်များ သယ်ဆောင်လာသည့် ထိုင်းတော်ဝင်လေတပ်မှ C - 130 လေယာဉ်နှစ်စင်းသည် မေ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

(၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (18th Asia Media Summit) ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom ၌ ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ပြီး ပါဝင်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ပူးပေါင်း၍ မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်တွင် မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲ ကို ယနေ့ ညနေ ၆ နာရီခွဲတွင် Horizon Lake View Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ပေါက်တော မြို့နယ် ပြန်လည်ထူထောင်ရေးရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် H.E. Mr .Chen Hai ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး ညီလာခံ (18th Asia Media Summit) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပါဝင်ဆွေးနွေးသည်။ 

ဆက်လက်ဖတ်ရှုရန်

May 23, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိ သူများနှင့်အတူ စစ်တွေမြို့နယ်ရှိ ကံ့ကော်ကျွန်း-ဇော်မတက်-ချောင်းနွယ် ကျေးရွာချင်းဆက်လမ်း ၅/၇မိုင် လမ်းပေါ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၂၆၀ ဒသမ ၉၄၈ သန်းဖြင့် ကွန်ကရစ်လမ်းတစ်မိုင် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၂၉၄ ဒသမ ၇၇၈ သန်းဖြင့် တည်ဆောက်ခဲ့သည့် ဇော်မတက်ချောင်းကူးတံတား ပေ ၁၅၀ ၏ ကြံ့ခိုင် မှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၃၀၇ ဒသမ ၈၇၅ သန်း ဖြင့် ဆက်လက်အကောင်အထည်ဖော်မည့် ကွန်ကရစ်လမ်း အူကြောင်းအခြေအနေကိုလည်း ကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ လမ်းအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်း စိစစ်တွက်ချက်တင်ပြရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းဖယ်ရှားနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် လင်ချန်းမြို့ ဘူတာရုံ၌ တရုတ် - မြန်မာအိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေးနှင့် အနာဂတ်စီမံကိန်းများကို လင်ချန်းမြို့ ဒုတိယမြို့တော်ဝန် Mr. Zhao Zijie က မြေပုံကားချပ်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့်ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အဆောက်အဦဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်များ၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများကို ယနေ့တွင် ရခိုင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးဝင်းအတွင်း မိုခါမုန်တိုင်းဒဏ်သင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြင်ဆင်ရန်နှင့်ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2023

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး Mr.CHUM Angvichet ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ သူနာပြုသင်တန်းကျောင်းကျောင်းဝင်းအတွင်း အမှိုက်များ ရှင်းလင်းနေမှုနှင့် အဆောက်အဦများ ပြင်ဆင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

ရုရှားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုဝင်ရောက်လာရေးအတွက် မြန်မာ - ရုရှား ခရီးသွားမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ်များ (Familiari-zation-FAM Trip) ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပသည့် (၅)ကြိမ်မြောက် တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade- WCIFIT) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်