Feb 25, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၃)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
Feb 25, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဝန်ဆောင်မှုရုံး (UNOPS Myanmar) ၏ Country Director Ms. Sara Austin Netzer နှင့်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
Feb 25, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအား တွေ့ဆုံသည့်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်၊၊
Feb 24, 2023
ကူဝိတ်နိုင်ငံ၏ (၆၂) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
Feb 24, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အမေရိကဇုန်၊ ဥရောပဇုန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဇုန်တို့ရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများကို ယနေ့မွန်းလွဲပိုင်းတွင် Video Confer-encing စနစ်ဖြင့် တွေ့ဆုံသည်။
Feb 24, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့ တောင်ဇလပ်ရိပ်သာ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Feb 23, 2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၂-၂-၂၀၂၃ ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားရှိသော နေကြာစိုက်ခင်းများသို့ သွားရောက်ကြည့်ရှုသည်။ ထို့နောက် တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ တောင်သူများထံ ပိုးသတ်ဆေးဘူးများနှင့် နေကြာမျိုးစေ့များပေးအပ်သည်။ ယင်းနောက် ခရိုင် စိုက်ပျိုးရေးဉီးစီးဌာနရှိ တာဝန်ခံတစ်ဉီးက ပိုးသတ်ဆေး စနစ်တကျသုံးစွဲပုံကို တောင်သူများထံ ရှင်းပြသည်။
Feb 23, 2023
ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ (Early Childhood Intervention – ECI) ညှိနှိုင်းအစည်းအဝေးနှင့် ECI ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
Feb 23, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ငှက်ဖျားရောဂါရှာဖွေခြင်း၊ ကုသခြင်းတို့ နှင့်စပ်လျဉ်း၍ မဖြစ်မနေသတင်းပေးပို့ရေး ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 23, 2023
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တွေ့ဆုံသည်။
Feb 23, 2023
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ နိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 22, 2023
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် စပိန်နိုင်ငံမဒရစ်မြို့၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်အထိ ကျင်းပမည့် World Federation of Engineering Organizations Executive Committee Meeting, Madrid Conference and World Engineering Day 2023 Ceremony များသို့တက်ရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သော မြန်မာအင်ဂျင်နီယာကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Feb 22, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 22, 2023
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
Feb 22, 2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာသိပ္ပံ (မုံရွာ)၌ ကျင်းပသည်။
Feb 22, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Debora Comini နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 20, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ အထည်ချုပ်စက်ရုံ (ပြင်ဦးလွင်) နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတို့သို့လည်းကောင်း၊ ညနေပိုင်းတွင် မင်္ဂလာ (မန္တလေး) မြို့ပြ အိမ်ရာစီမံကိန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာသည်။
Feb 20, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အဆောက်အဦသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ နှင့် လမ်းသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရုံးသို့ ကြည့်ရှုစစ်ဆေးသည်။
Feb 20, 2023
သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဦးစီးမှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ “သီတဂူ ဆန်ချီစေတီတော်” တည်ထားမှုအား ထီးတော်တင်လှူ ပူဇော်ကြသည်။
Feb 19, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် စက်မှုဓမ္မာရုံ၌ကျင်းပသည့် စက်မှုဝန်ထမ်းဟောင်းများအသင်း၏ နဝမအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်ညီလာခံသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
