Oct 24, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ကုန်ချောလည်ပတ်ထုတ်လုပ်နေမှု၊ ထုတ်ပိုးမှုနှင့် အရည်အသွေး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Oct 24, 2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 22, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 22, 2022
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ဒုတိယအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 22, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 22, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harish-chandra Ghimire အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 21, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)သို့ရောက်ရှိကာ ကုန်စည်ဒိုင်အတွင်း ကောက်ပဲသီးနှံများရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ကုန်စည်ဒိုင်အသင်းဝင် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့အကြိုဧည့်ခံပွဲသို့ တက်ရောက်သည်။
Oct 21, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ် ကွင်းဆင်းမျက်စိစမ်းသပ်ကုသပေးခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိတိုက်နယ်ဆေးရုံ၌ ယနေ့နံနက် ၉ နာရီတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 21, 2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား ယနေ့နံနက်(၁၁)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 21, 2022
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သော ဌာနစုမှူး-၂/ တတိယအတွင်းဝန်အရာထမ်းငယ်များအတွက် ဖွင့်လှစ်သည့် သံတမန်ရေးရာသင်တန်း(Course in Diplomacy-CID) အမှတ်စဉ်(၇/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။
Oct 21, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ မွန်းလွဲ ၁၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုလည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
Oct 21, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
Oct 21, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 21, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဟနွိုင်းမြို့ အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘယ်လာရုစ် သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခံရသည့် H.E. Mr. Uladzimir Baravikou အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 20, 2022
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
လယ်ယာကဏ္ဍဆိုင်ရာ ကျွမ်းကျင်သော လုပ်သားကောင်း အရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးကြိုးပမ်း
Oct 20, 2022
စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးကြိုးပမ်းရာတွင် ထွန်ထယ်ကိရိယာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးသာမက ခေတ်မီလယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချွေလှေ့စက်ကြီးများ၊ ဒရုန်းနည်းပညာများ၊ သိုလှောင် ကြိတ်ခွဲ ပြုပြင် ထုပ်ပိုးခြင်းဆိုင်ရာ စက်ကိရိယာများကို စနစ်တကျအကျိုးရှိစွာ အသုံးပြုနိုင်ရေးသည်လည်း လိုအပ်လာလျက်ရှိကြောင်း၊ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Oct 20, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၏ ဆန်းသစ်တီထွင်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသော ခရီးသွားလုပ်ငန်းနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော စီးပွားရေးခေါင်းစဉ်ဖြင့် ကျင်းပသည့် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည်။
Oct 20, 2022
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအရေးကြီးပြီး အဓိကမောင်းနှင်အားဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတကာ အဆင့်မီ သိပ္ပံ၊ နည်းပညာဆိုင်ရာဝန်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှုတွင် ဒီဂျစ်တယ် နည်းပညာနှင့် ICT အခြေပြု ဆန်းသစ်သော သင်ကြားသင်ယူမှုစနစ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ပြီး တက္ကသိုလ်များနှင့် ကောလိပ်များကို အရည်အသွေးအာမခံမှုနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုများ ပိုမိုတိုးပွားလာစေရေး မဟာဗျူဟာများလည်း ချမှတ်ထားရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။
Oct 20, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 19, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
