Apr 21, 2022
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဇူလိုင် (၂၉)ရက်က အတည်ပြုထုတ်ပြန်ခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ ပုဒ်မ-၃ အရ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 21, 2022
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 21, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)တွင် ကျင်းပသည်။
Apr 21, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အဆိုပါဝန်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 21, 2022
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ရတနာခန်းမ၌ ကျင်းပသည်။
Apr 21, 2022
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အလုပ်သမား ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။
Apr 20, 2022
အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး နိုင်ငံခြား ငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက် ၉ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
Apr 20, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ရန်ကုန်တွင်ဖွင့်လှစ် ပို့ချသည့် နွေရာသီ ကျောင်းပိတ်ရက် (၁) လသင်တန်းဖြစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြား ပေးသော ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
Apr 20, 2022
တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေး(Third BIMSTEC Energy Minister's Meeting) ကို ယနေ့တွင် နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်သန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်သည်။
Apr 20, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုဇုန်ရှိ အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ) အစည်းအဝေးခန်းမ၌ သင်တန်းကျောင်းများမှ နည်းပြ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Apr 19, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပမှစက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက တက်ရောက်အမှာစကားပြောကြားသည်။
Apr 19, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်အတွင်းရှိ ပြင်ဦးလွင်ဘူတာ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများကို ကြည့်ရှုစစ်ဆေးသည်။
Apr 18, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်ပျိုးဥယျာဉ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
Apr 18, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ကြည့်ရှုစစ်ဆေးသည်။
Apr 18, 2022
ကိုဗစ် - ၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှုရပ်နားခဲ့ရသော ရုပ်ရှင်ရုံများကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ပြသရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံ၌ ပြသသည့် မြန်မာရုပ်ရှင် ဇာတ်ကားကို ရုပ်ရှင်ချစ်မြတ်နိုးသူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲ အခမ်းအနား ကျင်းပ
Apr 18, 2022
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက် ၇နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းမဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်၍ ဇီဝိတဒါနအဖြစ် ထိုင်းငါးခုံးမအကောင်ရေ ၃၀၀၀ ကို မင်္ဂလာကန်တော်အတွင်း သို့ ဇီဝိတဒါန လွှတ်ပေးကြသည်။
Apr 17, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
Apr 17, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မြန်မာ့မီးရထား နေပြည်တော် ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Apr 17, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာအတာသင်္ကြန် မိသားစုရေသဘင်ပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၁၁ ရှိ ဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ဆက်လက် ကျင်းပသည်။
Apr 15, 2022
၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုသင်္ကြန် ရေသဘင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနပရဝဏ်အတွင်း၌ ကျင်းပသည်။
