Feb 11, 2022
စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် တိုင်းရင်းသား ရိုးရာအစားအစာများ မိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပသည်။
Feb 11, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တာဝန်ခွဲဝေအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Feb 11, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုများကို ကြည့်ရှုစစ်ဆေးသည်။
Feb 11, 2022
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ အမှုထမ်းများ အရည်အချင်းမြှင့် မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ ရုံးအမှတ်(၄၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Feb 11, 2022
မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဒုတိယအဆင့်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force)၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ ကျင်းပသည်။
Feb 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 10, 2022
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 10, 2022
ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာဝတ်စုံများ၊ ရိုးရာအစားအစာနှင့် စာပေတို့ကို သိရှိနားလည်ပြီး တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးလာစေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ် မြင့်မားလာစေရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ စိန်ရတုပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၁)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Feb 10, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်ရှိ New Power စက်ရုံ၌ ကျင်းပသည်။
Feb 09, 2022
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Mr. David Carden ကို ယနေ့နံနက် ၁၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 08, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်း နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တို့အား ရှင်းလင်းပြောကြားမှု အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ ဝန်ဇင်
Feb 08, 2022
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား၌ အလေးပြုခြင်းခံယူမည့် ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့မှ နေပြည်တော်သို့ သယ်ဆောင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်မျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Feb 08, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်နှင့်ဗေဒါများ ဆယ်ယူဆောင်ရွက်ပြီးစီးမှုကို စက်လှေဖြင့် လှည့်လည်ကြည့်ရှုသည်။
Feb 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရီးစဉ်၌ လမ်းညွှန် မှာကြားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကလောမြို့မှ ရွှေမင်းဖုန်း ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၅ ရွာသို့ ဆက်သွယ်ထားသော အရှည် ၁၀ မိုင် ၅ ဖာလုံ၊ ၉ ပေ အကျယ် မြေသားလမ်းကို ၂၆ ပေ အကျယ် လမ်းတာချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 08, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) တွင် ယနေ့နံနက် ၉ နာရီက ဦးစီးဌာနများ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကျင်းပသည်။
Feb 08, 2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ကံမလေးကျေးရွာ အနီးတွင် တည်ဆောက် ပြီးစီးသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ကံမလေးလျှပ်စစ် မြစ်ရေတင် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရေတင် စခန်း၌ ကျင်းပသည်။
Feb 08, 2022
ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
Feb 08, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များကို ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Feb 06, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 06, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့လက်မှု အနုပညာစင်တာဖွင့်ပွဲ၊ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာ့လက်မှုအနုပညာစင်တာ၌ ကျင်းပသည်။
