Skip to main content

Dec 07, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဂျာမနီနိုင်ငံ နော့ရိုင်းဝက်စ်ဖာလီးယားပြည်နယ်ဆိုင်ရာ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးမောင်သူရကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေး TC-2 အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 05, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပညာရေးဝန်ကြီးဌာန အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 05, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့များအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 05, 2024

ဘေးအန္တရာယ်ပြမြေပုံ(Hazard Map)နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 05, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 05, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာရှာလ်ဘန်းကာရာအော်လ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 05, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ China National Convention Center ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေးဝန်ကြီး၊ အခြားဖိတ်ကြားထားသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2024

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ၏ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးရုံအတွင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများထံ အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2024

ယနေ့တွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက် ပြိုင်ပွဲများကို သက်ဆိုင်ရာအားကစားရုံနှင့် အားကစားကွင်းများ၌ စတင်ယှဉ်ပြိုင်လျက်ရှိရာ ဝန်ကြီးဌာနအဆင့် အလွတ်တန်းဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် U -21 အမျိုးသားဘောလုံးပြိုင်ပွဲကို လေ့ကျင့်ရေးကွင်းအမှတ် (၃) ၊ (၄) တို့တွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ် ကွင်းတို့တွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2024

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haicho ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2024

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးများကို ယနေ့တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ MGallery ဟိုတယ်၌ ကျင်းပရာ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် In-person/ Virtual စနစ်များဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်