ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ရပ်ကွက်အတွင်းနေထိုင်ကြသူများ အသိပညာ ရရှိကြစေရန် ရည်ရွယ်လျက် အသိပညာပေး ပိုစတာများလိုက်၍ ကြော်ငြာကပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး များအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် Covid-19 ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က လူစည်ကားရာ မြို့ပေါ်ရပ်ကွက်၊ စည်ပင်သာယာဈေး၊ လမ်းဆုံနှင့်လက်ဖက်ရည်ဆိုင်တို့၌ နှာခေါင်းစည်း တပ်ဆင်ပုံ၊ လက်ဆေးခြင်းလက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်သို့ Outdoor Fitness အားကစား ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်ထံမှ သိရသည်။
Mar 16,2020
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (COVID-19)ကြောင့် ဖြစ်ပွားတတ်သောအဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
Mar 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက Coronavirus Disease 2019 (Covid-19)ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပခဲ့သည်။
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ ယာ)များတွင် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
Mar 16,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် လမ်းအထူး(၁၉) အဖွဲ့က မြေပြင် ကွင်းဆင်း တိုင်းထွာလျက်ရှိကြောင်းသိရသည်။