ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၁၁ နာရီအချိန်က ကျောင်းမြောင်းစျေးနှင့် တာမွေစျေးတို့ရှိ စျေးတာဝန်ခံရုံးများတွင် စျေးတာဝန်ခံများ၊
Feb 26,2020
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် တိုက်တန်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့မ ရဲတပ်ဖွဲ့စခန်းနှင့် ရှောက်ရေးအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက မုတ်စီကျေးရွာ ဘုန်းတော်ကြီးကျောင်း မဟာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Feb 26,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သင်တန်းဆရာနှင့် သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ကြသည်။
Feb 26,2020
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်ပြည်ကားလမ်းရှိ သမဝါယမအသင်းစုပိုင် ဆန်စက်ဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်မြိုင်၊ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ချစ်ဆွေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်လှ၊ ဦးစီးအရာရှိ ဦးအောင်လင်းညိုနှင့် ဇီးကုန်းမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး သမဝါယမအသင်းစုဝင်များ တက်ရောက်ခဲ့ကြသည်။
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့အနေဖြင့် နွေရာသီအားလပ်ရက်များအတွင်း အားကစားနည်း ( ၈ ) မျိုးအား သင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ က နတ်မောက် မြို့နယ်တွင် (One State One Township Project ) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
Feb 26,2020
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ရင်ခွင်မဲ့ ကလေးငယ်များစောင့်ရှောက်ရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကိုယ်လက်လှုပ်ရှား ဆေးတပါး (Exercise is Medcine) အစီအစဉ်ကို ယနေ့ နံနက် ၇ နာရီက ကလေးခရိုင် ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာအန်နာရွှေလွှမ်း တက်ရောက်ပါဝင်ဆင်နွှဲသည်။