သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Dec 13,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်ပြီးစီးမှုနှင့် စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကရင်သက္ကရာဇ် (၂၇၆၅)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ကွက်သစ်၊ ချယ်ရီ(၂)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
Dec 13,2025
ကရင်သက္ကရာဇ် (၂၇၆၅)ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ချယ်ရီ(၂)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက အဆိုပါကွန်ကရစ်လမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လှုံ့ဆော်မှုအစီအစဥ် အသိပညာပေး ဆောင်ရွက်
Dec 13,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့​တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီတွင် ဒို့အတူတူ မဲပေးကြမယ် ရွေးကောက်ပွဲအသိပညာ​ပေးလှုံ့ဆော်ရေးကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Dec 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာ့လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း (EPC) ရုံး၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယမန်နေ့နံနက် (၈)နာရီအချိန်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
တနိုင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် အများပြည်သူ ကိုယ်တိုင်ဆန္ဒမဲ‌ပေးနိုင်‌ရေး လက်တွေ့သရုပ်ပြပွဲများ ဆောင်ရွက်လျက်ရှိ
Dec 13,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌‌ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အခြေခံပညာကျောင်းများတွင် ရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက မကောကျေး‌ရွာအုပ်စု၊ မူလွန်-တန်လပ်စာသင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် မြို့တော်ဆေးရုံတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဆေးဘူးဖြင့်  လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်
Dec 13,2025
‎‎မဟာအောင်မြေမြို့နယ်၊ မြို့တော်ဆေးရုံတွင် မီးဘေးအန္တရာယ်ကျရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ သိရှိလိုက်နာကြစေရန်အတွက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမင်းမင်းစိုးက ဦး​ဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြခြင်းများကို မြို့တော်ဆေးရုံ၌ ယမန်နေ့မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအတွက် စာ‌အုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်
Dec 13,2025
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရှင်သန်နိုင်ရေးအတွက် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအတွက် စာ‌အုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။