သတင်းများ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 02,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက် ‌ရှင်ထွေးညိုမင်္ဂလာကန်‌တော်ပတ်ဝန်းကျင်၌ ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိ
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ ယနေ့ နံနက်(၇) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမ‌ေ(၂နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်
Jun 02,2026
မိတ္ထီလာမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြရတီ မိုတယ်၊ ဖူဂျီ မိုတယ်၊ ရွှေရန်ရှင်းမိုတယ်၊ ခေမရဌ်မိုတယ်၊ SHIRO မိုတယ်နှင့် NOVIA Hotel များတွင် မီးဘေးကြိုတင်ကာ ကွယ်ရေးပစ္စည်းများတပ်ဆင်ထားရှိမှုစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းနည်းလေ့ကျင့်ပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေမိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းများစတင်ဖွင့်လှစ်ခြင်းကို ဇွန်လ (၁) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုက်နက်ဆောင်ရွက်ခဲ့ကြပြီး ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၀၀၀ ကျော် ပျော်ရွှင်တက်ကြွစွာ တက်ရောက်သင်ကြားလျက်ရှိသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာယာဝတီမြို့ ဘူတာရုံသို့ကြည့်ရှုစစ်ဆေး
Jun 02,2026
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က ပြည်ဘက်မှ သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ သာယာဝတီဘူတာ မီးရထားမိုင်တိုင်အမှတ် ၆၇/၉ သို့ ရောက်ရှိလာခဲ့ရာ ဘူတာ၏အဆောက်အဦအား လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး အလှပန်းပင်များအား ပြုပြင်ရန်နှင့် လိုအပ်သည်များ ညွှန်ကြားခဲ့သည်။
ကျွန်းစုမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက်လျက်ရှိ
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။