သတင်းများ

ဝေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 12,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောက်ပုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေး
Dec 12,2025
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်ဦးဆောင်၍ အမှတ် (၄) ရပ်ကွက်ရှိ ခရိုင်ကော်မရှင်ရုံးနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက် ထားရှိသည့် အမှတ် (၄) ရပ်ကွက် ရဲစခန်းဝင်းတို့၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်  ရှားပင်လှကျေးရွာအုပ်စု “ ရွှေတင့်တူး” စိုက်ပျိုးမွေးမြူရေးဇုန် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Dec 12,2025
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စု “ ရွှေတင့်တူး” စိုက်ပျိုးမွေးမြူရေးဇုန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဘားအံမြို့တွင် ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာများ စိုက်ထူ
Dec 12,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လှုံ့ဆော်ရေးပိုစတာများစိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ာ့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျိုင်းလပ်မြို့၊ ဝမ်လုံဘုန်းကြီးကျောင်းတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် အ‌ခြေခံပညာအလယ်တန်းအဆင့် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် ကစားသမားများ ပေါ်ထွက်လာ‌စေရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပရာ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ဒီဇင်ဘာ ၉ ရက်နေ့ နံနက် (၉) နာရီအချိန်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
ဒဂုံတက္ကသိုလ်၌ မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။