သတင်းများ

ဟင်္သာတမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ မျှဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျောက်တော်ကြီး ကုန်းရှေ့၊ ဟင်္သာအဝိုင်းနှင့် ဦးရွှေဒေး လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှု
Dec 11,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် တည်ဆောက်ရေးသုံးပစ္စည်းများ၊ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီမြန်မာ့အလှသင်္ဘောဖြင့် ရန်ကုန်မြို့မှ တည်ဆောက်ရေးသုံး ပစ္စည်းများ၊ အမ်ဗွီရွှေရည်ဝတ်မှုန်သင်္ဘောဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ရောက်ရှိလာကာ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ
Dec 11,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦး၌ စိမ်းလန်းစိုပြည်သောကျောင်းများ ဗဟိုအဆင့်ပြိုင်ပွဲဝင်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 11,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး အထက်တန်းအဆင့် တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်ယှဉ်ပြိုင်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ် အ.မ.ကတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 11,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မူးယစ်အစဆေးလိပ်ကခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း (မင်းလမ်း)တွင် ကျင်းပသည်။
မြောင်းမြမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုလှုံဆော်ရေး Campaign ပြုလုပ်
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုလှုံဆော်ရေး Campaign အနေဖြင့်" ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ဖြန့်ဝေခဲ့သည်။
ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာ၌ ဆီထွက်သီးနှံ ဆောင်းနေကြာနှင့် ဆီပဲပုပ်မျိုးစေ့ချစိုက်ပျိုးပွဲကျင်းပ
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စာသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူမျာ စပါးအပြင် ဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေးရည်ရွယ်၍ ဆောင်းနေကြာနှင့် ဆီပဲပုပ်မျိုးစေ့ချ စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက တော်ကမယ်ကျေးရွာ၊ ကွင်းအမှတ် (၂၅၅)၊ ဦးပိုင်အမှတ် (၂၈/၄၊ ၂၈/၅)ရှိ တောင်သူဦး​အေးလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေပေးအပ်
Dec 11,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။