သတင်းများ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့ နံနက် ၉ နာရီက အတက်ရောဂါစီမံချက်လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
ကော့မှူးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟော‌ပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ
Dec 12,2025
ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ အတက်ရောဂါဆိုင်ရာစီမံချက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက်မှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုက်ကြီးမြို့နယ်၌ Helpline ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူလူထုသိရှိစေရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ပြည်သူလူထုအကြား အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ Helpline ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်ကာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဗောဓိကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ ဆေးရုံလမ်းထိပ်၌ ပြုလုပ်သည်။
ဟိုင်းကြီးကျွန်းမြို့ အ.လ.က(ခွဲ)ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဒီဇင်ဘာကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံခိုင်သန်စွမ်း၍ အားကစားထူးချွန်စေရန်အတွက် ဒီဇင်ဘာကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အ.လ.က(ခွဲ)ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Dec 12,2025
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၁ ရက် နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမသို့ ရောက်ရှိပြီး ရပ်ကွက်များ၊ အခြေခံ ပညာကျောင်းများ၊ ဈေးများနှင့် အများပြည်သူအပန်းဖြေရာနေရာများတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် ဝယ်ယူထားရှိသည့် အမှိုက်ပုံးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အမှိုက်သိမ်းစနစ်များ ကောင်းမွန်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ငွေဆောင်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း အားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များအား ငွေဆောင်မြို့ရှိလူစည်ကားရာနေရာများတွင် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် (၀၈:၀၀) နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။