သတင်းများ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သာစည်မြို့နယ်ဘဏ်ခွဲ၌ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် စတင်ထုတ်ချေး
May 14,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်  သာစည်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မေ ၁၄ ရက်နံနက် ၁၀ နာရီ က ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
ဘုတ်ပြင်းမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး
May 14,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မူလတန်းအဆင့်သင်ဆရာ၊ ဆရာမများ စနစ်သစ်သင်ကြားနည်းနှင့်ထိရောက်စွာ အသုံးပြုသင်ကြားနိုင်ရန်၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးတွင် ထိရောက်အသုံးပြုနိုင်ရန်၊ ကလေးငယ်များ၏ ဉာဏ်ပညာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ချဉ်းကပ်ရမည်နည်းလမ်းများ လုပ်ငန်းစဉ်များ တွင်ကျယ်စွာအသုံးချနိုင်စေရန်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်က  အထက(ဘုတ်ပြင်း)ကျောင်း၌ ကျင်းပသည်။
ပလောက်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် KG မှ Grade-11 ထိ အောင်စာရင်းများ ကပ်ထားကြေညာ
May 14,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် သင်ရိုးသစ် သူငယ်တန်း (KG) မှ Grade-11 အထိ နှစ်ဆုံးစစ်ဆေးမှု အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် တစ်ပြိုင်တည်း ကပ်ထားကြေညာပေးလျက်ရှိသည်။
ဘားအံမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံ
May 14,2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို မေ ၁၃ ရက် နံနက်ပိုင်းက လှာကဒေါင်မွေးမြူရေးဇုန်၌ ကွင်းဆင်းဆောင်ရွက်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မွေးမြူရေးဇုန်အတွင်း မွေးမြူထားရှိသော နွားများ၊ ဝက်များအား တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး များကို ထိုးနှံပေးခဲ့ကြကြောင်း  သိရသည်။
ကျောက်ဖြူမြို့၌ တောင်သူပညာပေး ကွင်းသရုပ်ပြကျင်းပ
May 14,2026
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးများအချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေးနှင့်တစ်ဧကပန်းတိုင်အထွက်နှုန်းများ ရရှိနိုင်ရန်ရည်ရွယ်၍ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၁) နေရာတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များနှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးပင်များပြုစုပျိုးထောင်ထား
May 14,2026
မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များ၌ စိုက်ပျိုးရန်နှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးဉယျာဉ်များ၌ ပြုစုပျိုးထောင်ထားရှိသည့် လူထုဖြန့်ပျိုးပင်များ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး
May 14,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေ ကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာ လှပရေး၊  ရေစီးရေလာကောင်းမွန်းရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်
May 14,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။