ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်
Dec 11,2025
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား ၅၇ ဦး၊ အမျိုးသမီး၁၉ ဦး၊ စုစုပေါင်း၇၆ ဦးအား ယမန်နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့၊ အခြေစိုက်အလုပ်သမားသံအရာရှိက ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှတာဝန်ရှိသူများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံခဲ့ကြသည်။