သတင်းများ

ဟိုင်းကြီးကျွန်းမြို့၌ မိုးစပါးရေတော်မိုးတော်ဧရိယာတွင် သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲကျင်းပပြုလုပ်
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စပါးရေတော်မိုးတော်ဧရိယာ၌ သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ငါးပြေမကျေးရွာအုပ်စု၊ငါးပြေမကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မှုခင်းကျဆင်း‌ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်
May 30,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်းပြီး မှုခင်းကျဆင်း‌ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ‌ဇေယျာမွန်ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2026
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၏ ၂ဝ၂၆-၂၇ ၊ ပညာသင်နှစ် ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ ဇေယျာသီရိခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောနိုင်၊ ဇေယျာသီရိခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သည်။
ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်
May 30,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "ကျောင်းအပ်နှံရေးနေ့" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က ပန်းတောင်း သီရိရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မုံရွာမြို့နယ်၊ ထန်းထောရပ်ကွက်၌ ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ပြည်သူ့စကားဝိုင်း ကျင်းပ
May 30,2026
နိုင်ငံတော်အစိုးရနှင့်ပြည်သူအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများဖော်ဆောင်ပေးရန်၊ ရပ်ကွက်များနှင့်ကျေးရွာများရှိအကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထုမှပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ "ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ​မုံရွာမြို့နယ်၊ ထန်းထောရပ်ကွက် ရွှေကြာဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။