သတင်းများ

မြင်းခြံမြို့၌ မျိုးစေ့ထုတ်စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်း ဖွင့်လှစ်
May 30,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် မျိုးစေ့ထုတ်စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းဖွင့်ပွဲ ကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စပါးမျိုးကွဲ-ဆင်းဧကရီ-၃စပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်း
May 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-ဆင်းဧကရီ-၃စပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို မေ ၂၈ ရက်နံနက် ၇ နာရီက မိုင်းလွေကျေးရွာရှိ တောင်သူဒေါ်နန်းရှဲန်ဖောင်း၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) များ ထုတ်ပေးသည့် အခမ်းအနားကျင်းပ
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးသည့်အခမ်းအနားအား ယမန်နေ့ နံနက် (၉) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ရာသီဥတုပြောင်းလဲမှုနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 30,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ ဗဟိုဈေးကြီးအတွင်းနှင့် ဈေးပတ်လည်ရှိ လမ်းမများ၌ဆောင်ရွက်ခဲ့ကြသည်။
ငါန်းဇွန်မြို့၌ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်
May 30,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၇ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် နွေနှမ်း အထွက်တိုး စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ
May 30,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေနှမ်းအထွက်တိုးစံပြကွက် ကွင်းသရုပ်ပြပွဲကို မေ ၂၈ ရက်နေ့ နံနက်ပိုင်းက လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာရှိ တောင်သူဦးသန်းထွန်းအောင်၏ နွေနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇  ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၉ ရက်နံနက် ၈ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ RefresherTraining for MMCWA Volunteer on MNCH and GBV သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ မေ ၂၈ ရက်နေ့နံနက် ၉ နာရီက " မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ Refresher Training for MMCWA Volunteer on MNCH and GBV သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်သက်သက်ဆွေ၊ တိုင်းကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်၊ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများတက် ရောက်ခဲ့ကြသည်။