သတင်းများ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
Dec 11,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ ၉ ရက်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Dec 10,2025
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ဖော်ဆောင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်း စာစောင်များအား ပြည်သူများသို့ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ကြသည်။
လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (Book Club) စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာရေးဆရာမ လှိုင်မေသစ်ဦးကြည်၏ "ချစ်၍ချစ်ခါလာသည်မှကွယ်" ရသဝတ္ထုဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Dec 10,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် Silent Strike ပြုလုပ်ရန်လှုံ့ဆော်မှု ဝါဒဖြန့်ထားသော်လည်း ရန်ကုန်မြို့တွင် ပြည်သူများ စည်းကားသွားလာလျက်ရှိ
Dec 10,2025
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH, NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ကာ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် Silent Strike ပြုလုပ်ရန်လှုံ့ဆော်မှု၊ ဝါဒဖြန့်ထားခဲ့သည်။
အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီးစာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်‌ကျောင်းများအရောက် စာအုပ်များသွားရောက်‌ဌားရမ်းပေးလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်‌နေ့တွင် အင်းစိန်မြို့နယ်‌ အမက- (၃) ကျောင်းနှင့် အမက- (၅) ကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူးများဖြင့် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
တိုက်ကြီးမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်အရွယ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရေးရည်ရွယ်ကာ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက်၊ ဗောဓိကုန်းရပ်ကွက်နှင့် အင်္ဂလားရပ်ကွက်၊ ရှမ်းစုရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ တပြိုင်တည်းဆောင်ရွက်သည်။