သတင်းများ

(၇၈)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (၇၈)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 10,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ထန်းတပင်) ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်း၌  ပျက်စီးသွားသည့် ၆/၈ တံတားအား  ရာနှုန်းပြည့်ပြီးစီး
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့်  ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၀.၀၀၀)သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ပြည်သူများအချိန်အခါမရွေး လွယ်ကူချောမွေ့စွာသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော
Dec 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ထိန်ချောင်းကျေးရွာရှိ အခြခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောသည်။
တံတားဦးမြို့ boc စက်သုံးဆီအရောင်းဆိုင်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ
Dec 10,2025
တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၈ ရက်နေ့က boc စက်သုံးဆီ အရောင်းဆိုင်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ဆောင်ရွက်ကြောင်းသိရသည် ။
ပန်းတနော်မြို့၌ လူငယ်စကားဝိုင်းကျင်းပ
Dec 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ချောင်းကလေး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Dec 10,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် နွေစပါးအတွက် Drum Seeder များ ပေးအပ်ပွဲကျင်းပ
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် နွေစပါးအတွက် Drum Seeder များ ပေးအပ်ပွဲကို ယနေ့န့နက် ၈ နာရီက သရက်ချောင်းကျေးရွာ ကွင်းအမှတ် ၇၀၀ A တောင်သူ ဒေါ်တင့်တင့်ဝေ၏ လယ်မြေ၌ ကျင်းပသည်။