တောင်သာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 10,2025
တောင်သာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့် အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင်းအရေး မဆုံးရှုံးစေရန် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က လူစည်းကားရာနေရာများနှင့် မင်းစုအ.ထ.ကကျောင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။